IT KoKo
IT KoKo

IT KoKo

@ITKoKo
3 w ·Translate

Two Factor Autentication လုပ်သင့်လား။❓❓
မလုပ်သင့်ဘူးလား။❓❓

ဒီနေ့မှာတော့ Fb ရဲ့ Feature တစ်ခုဖြစ်တဲ့ Two Factor Autentication အကြောင်းပြောပြပေးပါ့မယ်။

ဒီ Feature လေးကရှိနေတာတော့ကြာပါပြီ။ အချို့ကတော့ မလိုလို့၊ အလုပ်ရှုပ်လို့၊ မသိသေးလို့ စတဲ့အကြောင်းတွေကြောင့် မသုံးဖြစ်ကြတာပါ။
ဒီဟာရဲ့ တာဝန်ကဘာလုပ်တာလဲဆိုတော့ Fb Acc ကိုအလွယ်တစ်ကူ Hack မခံရအောင် ကာကွယ်ပေးတာပါ။
Acc ထဲဝင်ရင် နဂိုမူရင်း Password အပြင် နောက်ထပ် Password တစ်ခု ထပ်ခံထားလိုက်သလိုပါပဲ။

သူရဲ့ကောင်းကျိုးတွေကတော့🔰🔰🔰

✔ Acc Hack ခံရခြင်းမှ ကာကွယ်နိုင်မယ်
✔ အခြားသူ Acc Password သိရင်တောင် အလွယ်တစ်ကူ acc ထဲဝင်လို့မရဘူး။
✔ VPN location တွေကြောင့် acc lock ကျတာတွေမဖြစ်တော့ဘူး။
စတာတွေပါ။
အဓိက ကတော့ ကိုယ့်ရဲ့ Privacy လုံခြုံတယ်ပေါ့ဗျာ။
🔒🔒
ဒါပေမဲ့သူ့မှာလဲသတိထားရမဲ့အချက်လေးတွေရှိပါတယ်။
🔺 Two Factor ထဲမှာထည့်ထားတဲ့ Ph no ပျောက်သွားရင် code no. ကအဲ့ ph ကိုပို့မှာဖြစ်တာကြောင့် ဝင်မရဖြစ်နိုင်ပါတယ်။
🔺 အဲ့လိုဖြစ်ခဲ့ရင် သုံးလို့ရအောင် Recovery code လေးတွေကို သပ်သပ် သိမ်းဆည်းထားဖို့လိုပါမယ်။ (Recovery code ဘယ်မှာယူရလဲဆိုတာ အောက်မှာပြပေးထားပါတယ်။)

ဒါမှသာ Ph sim card Or Phone ပျောက်သည်ရှိသော် အခြား Phone တစ်လုံးကနေ အလွယ်တစ်ကူဝင်ရောက်နိုင်မှာပါ။
ဒီလောက်ဆို အကြမ်းလောက်တော့ပြောပြီးဖြစ်လို့ သုံးသင့်လား၊ မသုံးသင့်လား အကြောင်းပြချက်လေးတွေနဲ့ ဆွေးနွေးခဲ့ကြပါဦး။

သုံးမဲ့သူတွေအတွက် အောက်မှာ လုပ်နည်းလေးရေးပေးထားပါတယ်။ အဆင်ပြေကြပါစေဗျ။
#fbနည်းပညာ

#fbနည်းပညာ.